Password-Gate Demo

    ဤစာမျက်နှာအား ဝင်ရောက်ကြည့်ရှုနိုင်ရန် လျှို့ဝှက်နံပါတ်တောင်းပါ

    လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ

    Incorrect password. Try again.

    Protected Content

    If you can read this, you entered a valid password!

    မှိုရောဂါကုသဆေးများ(Antifungal drugs)

    ခန္တာကိုယ်အနှံ့ပြန့်နှံ့ဖြစ်ပွားတဲ့မှိုရောဂါတွေဖြစ်တဲ့ Aspergillosis, Candidiasis, Cryptococcosis, 

    Histoplasmosis စတဲရောဂါတွေကိုကုသတဲ့အခါ မှိုရောဂါကုသဆေးများ(Antifungal drugs) တွေနဲ့

    ကုသရလေ့ရှိပါတယ်။

    မှိုရောဂါကုသဆေးတွေမှာ အဓိကအုပ်စု(၃)ခုရှိပါတယ်၊ အဲဒါတွေကတော့

    (၁) Polyene Antifungal အုပ်စု

    (၂) Imidazole Antifungal အုပ်စုနဲ့

    (၃) Triazole Antifungal အုပ်စုတို့ဖြစ်ပါတယ်။

     

    (၁) Polyene Antifungal အုပ်စုထဲမှာပါဝင်တဲ့ဆေးတွေကတော့၊ Amphotericin ဆေးနဲ့ Nystatin ဆေးတို့ဖြစ်ပါတယ်၊ Amphotericin ဆေးဟာအကြောဆေးသွင်းရတဲ့ဆေးဖြစ်ပြီး Abelcer, AmBisome, Amphocil စတဲ့အမည်တွေနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ 

    Nystatin ဆေးကတော့ Nystatin အမည်နဲ့ပဲလာပြီး အရေပြားမှာဖြစ်ပွားတဲ့ Candidiosis ရောဂါ

    အတွက်အသုံးပြုနိုင်ပါတယ်။



    (၂) Imidazole Antifungal အုပ်စုထဲမှာပါဝင်တဲ့ဆေးတွေကတော့၊ Ketoconazole ဆေးနဲ့  

    Miconazole ဆေးတို့ဖြစ်ပါတယ်၊ Ketoconazole ဆေးက ပါးစပ်ကနေတိုက်ကျွေးရတဲ့ဆေးဖြစ်ပြီး

    ဆေးပမာဏများသွားရင် အသည်းကိုထိခိုက်ပျက်စီးစေတတ်တဲ့အတွက် ခန္တာကိုယ်အလေးချိန်ကို

    ချိန်ပြီးတိုက်ရမယ့်ပမာဏကိုသေချာတွက်ချက်တိုက်ကျွေးရတဲ့ဆေးဖြစ်ပါတယ်၊  Miconazole ဆေး

    ကတော့ အူလမ်းကြောင်းမှဖြစ်ပွားတဲ့မှိုရောဂါတွေအတွက်အသုံးပြုနိုင်ပါတယ်။ 



    (၃) Triazole Antifungal အုပ်စုထဲမှာတော့ Fluconazole နဲ့ Itraconazole တို့ပါဝင်ပါတယ်၊ 

    Fluconazole ဆေးက ပါးစပ်ကနေတိုက်ကျွေးရတဲ့ဆေးဖြစ်ပြီး ဦးနှောက်နဲ့ပတ်သက်တဲ့မှိုရောဂါ

    တွေအတွက်အသုံးပြုလေ့ရှိပါတယ်၊  Lucon-150 အမည်နဲ့ဈေးကွက်ထဲကိုဝင်ရောက်ပါတယ်၊

    Itraconazole ဆေးကိုတော့အရေးပြားနဲ့ပတ်သက်တဲ့မှိုရောဂါတွေအတွက်အသုံးပြုနိုင်ပါတယ်။

     

    မှိုရောဂါတွေအတွက်အသုံးပြုနိုင်တဲ့အခြားဆေးတွေကတော့ Flucytosine , Griseofulvin နဲ့

    Terbinafine တို့ဖြစ်ပါတယ်၊Flucytosine ကတော့ Amphotericin ဆေးနဲ့တွဲပြီး ဆေးအာနိသင်

    ပိုမိုထိရောက်စေဖို့သုံးလေ့ရှိပါတယ်၊  Griseofulvin ဆေးကိုတော့ ကုသရခက်တဲ့အရေပြားယားနာ

    တွေကိုကုသရာမှာအသုံးပြုပါတယ်၊ Terbinafine ဆေးကတော့ ပါးစပ်ကနေတိုက်ကျွေးရတဲ့ဆေး 

    ဖြစ်ပြီး အကွင်းမှုစွဲကပ်တဲ့ရောဂါမှာ အသုံးပြုနိုင်ပါတယ်။

    မိတ်ဆွေ၏အကြံပြုချက်များအားရေးသားခဲ့နိုင်ပါသည်

    Pages (2)12 Next


    You can send your donation to

    KBZ Pay

    09448539800


      Welcome you to share your Copyright books for students of least developed countries.....This blog is just under non-profit purpose.